“အင်္ဂလန်အသင်းရဲ့ခြေစွမ်းတွေကို စိတ်ပျက်နေကြတဲ့ အင်္ဂလန်အသင်းပရိသတ်များ”

(အားကစား) ဇွန် ၂၇

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ကစားခဲ့တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ်သာရခဲ့ပြီးနောက် အင်္ဂလန်အသင်းရဲ့ခြေစွမ်းကို ပရိသတ်တွေက စိတ်ပျက်လျက်ရှိနေကြပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမရှိခဲ့တာကြောင့် ပရိသတ်တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အုပ်စုတွင်းပွဲစဉ် ၃ ပွဲကစားအပြီးမှာ အင်္ဂလန်အသင်းက ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပေမယ့် ၁ ပွဲသာအနိုင်ရခဲ့သလို သွင်းဂိုးကလည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ တာကြောင့် အင်္ဂလန်အသင်းပရိသတ်တွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ် ကတော့ အုပ်စုတွင်းပွဲစဉ်တွေမှာ အသင်းရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းခဲ့ပေမယ့် ရှုံးထွက်ပွဲစဉ်တွေမှာတော့ အသင်းရဲ့ အကောင်းဆုံးပုံစံတွေကို တွေ့မြင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

#PAN