အကြမ်းဖက်မှုဥပဒေဖြင့် နေအိမ်ချိတ်ပိတ်ခံရသောတရားခံပြေး ဒေါ်ပုသိမ်သူ(ခ)ဒေါ်လှလှထွေးအား ဖမ်းဆီးရမိ


(ပြည်တွင်း) ဇွန် ၂၇

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေး ဒေါ်ပုသိမ်သူ(ခ)လှလှထွေး အား ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မီးလောင်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

အဆိုပါ တရားခံပြေး ထွက်ပြေးတိမ်းရှောင်နေစဥ် မီးလောင်ချောင်းစစ်ဆေးရေးဂိတ်(BGF)အဖွဲ့မှ ပိတ်ဆို့ ဖမ်းဆီးပေးခဲ့ရာ တရားခံပြေး ဒေါ်ပုသိမ်သူ(ခ)လှလှထွေး အား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး ၎င်းလွယ်ထားသည့် အပြာနုအဝါကွက်များပါဘေး လွယ်အိတ်အတွင်းမှ အသွား(၇)လက်မ၊ အရိုး(၄)လက်မ၊ အရိုးအသွား(၁၁)လက်မခန့်ရှိ ဝါးရိုးတပ်ဓါးဦးချွန်(၁)ချောင်း (ကွန်ဂျူးပိုက် အပြာရောင်တွင် အနက်ရောင်သားရေ ယာပတ်လျက်ဓါး အိမ်ပါ)အား ရှာဖွေတွေ့ရှိသဖြင့် ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေါ်ပုသိမ်သူ(ခ)လှလှထွေး သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)/ကျင့် ၅၁၂ အမှုမှ ထွက် ပြေးတိမ်းရှောင်နေသည့် တရားခံပြေးဖြစ်ပြီး ၃၁-၇-၂၀၂၃ ရက်နေ့တွင် ၎င်းပိုင်ဆိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းနှင့် ရန်ကင်းလမ်းထောင့် ရှိ ၂၈x၃၀ ပေ မြေကွက်ပေါ်ရှိ ၂၈x၃၀ ပေ (၂)ထပ်အုတ်ခံပျဉ်ထောင်နေအိမ် (၁)လုံးအား ချိတ်ပိတ် သိမ်းဆည်းထားပြီး တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ၎င်းတရားခံပြေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)/ကျင့် ၅၁၂ အမှုဖြင့် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် လက်နက်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ