အကြမ်းဖက်မှုဥပဒေနှင့်အမှုဖွင့်ပြီး နေအိမ်ချိတ်ပိတ်ခံထားရသည့် တရားခံပြေးကို ဖမ်းဆီးရမိ

(အကြမ်းဖက်မှု) ဇွန်၂၇


မြဝတီမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အမှုနဲ့ တရားဆွဲဆိုခံရသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရာမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အမှုမှ ထွက်ပြေးတိမ်းရှောင်ခဲ့သူမှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းနှင့် ရန်ကင်းလမ်းထောင့်တွင်နေထိုင်သည့် ဒေါ်ပုသိမ်သူ(ခ)လှလှထွေးဆိုသူစြဖ်ကြောင်း သိရသည်။

အမှုမှ တိမ်းရှောင်နေသည့် တရားခံပြေး၏ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းနှင့် ရန်ကင်းလမ်းထောင့် ရှိ ၂၈x၃၀ ပေ မြေကွက်ပေါ်ရှိ ၂၈x၃၀ ပေ(၂)ထပ်အုတ်ခံပျဉ်ထောင်နေအိမ်(၁)လုံး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင့် ၈၇/၈၈ ထုတ်ဆင့်ကာ ၎င်းပိုင်ဆိုင်သည့် နေအိမ်အား ချိတ်ပိတ် သိမ်းဆည်းထားပြီး တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်အမှုနှင့်ထွက်ပြေးတိမ်းရှောင်နေသည့် မီးလောင်ချောင်းစစ်ဆေးရေးဂိတ်၌ နယ်ခြားစောင့်တပ် (BGF)မှ ပိတ်ဆို့ ဖမ်းဆီးပေးခဲ့ရာ တရားခံပြေး ဒေါ်ပုသိမ်သူ(ခ)လှလှထွေး အား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး ၎င်းလွယ်ထားသည့် အပြာနုအဝါကွက်များပါဘေး လွယ်အိတ်အတွင်းမှ အသွား(၇)လက်မ၊ အရိုး(၄)လက်မ၊ အရိုးအသွား(၁၁)လက်မခန့်ရှိ ဝါးရိုးတပ်ဓါးဦးချွန်(၁)ချောင်း (ကွန်ဂျူးပိုက် အပြာ ရောင်တွင် အနက်ရောင်သားရေ ယာပတ်လျက်ဓါး အိမ်ပါ)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်ာယ

တရားခံပြေး ဒေါ်ပုသိမ်သူ(ခ)လှလှထွေးအား သက်ဆိုင်ရာတရားဥပဒေစိုးရေးတပ်ဖွဲ့မှ အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)/ကျင့် ၅၁၂ အမှုဖြင့် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနင့် လက်နက်ဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PAN