လေအိတ်စနစ်မှားယွင်းမှုကြောင့် Volkswagen ကား ၃ သိန်းနီးပါး ပြန်လည်သိမ်းဆည်း


(နိုင်ငံတကာ) ဇွန် ၂၇

ဂျာမန် မော်တော်ကားထုတ်လုပ်သည့် Volkswagen ကုမ္ပဏီသည် လေအိတ်နစ် စနစ် မှားယွင်းမှုကြောင့် ၎င်းတို့၏ SUV ကားများအား ပြန်လည် သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ယာဥ်မတော်တဆမှုများတွင် ​ယာဥ်မောင်းနှင့် ခရီးသယ်ထိုင်ခုံရှေ့မှ လေအိတ်များ စနစ်ချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုလို ပြန်လည် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်တွင်ပါဝင်သည့် ယာဥ်အမျိုးအစားများမှာ Volkswagen Atlas SUVs ၂၀၂၀ မှ ၂၀၂၄ မော်ဒယ်များနှင့် အချို့သော Atlas Cross Sport SUVs အမျိုးအစားများ ပါဝင်ကြောင်းသိရသည်။

Volkswagen သည် တိုင်ကြားမှုပေါင်း ၁၇၃၀ အထိ လက်ခံရရှိခဲ့ခြင်းကြောင့် ယာဥ်အစီးရေ ၂၇၁၀၀၀ ကျော်ကို ပြန်လည် သိမ်းည်းခဲ့သည်ဟုဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ