ယနေ့ကုန်ဈေးနှုန်း

(ဇွန် ၂၇)

ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အာလူးဈေးတွေ ဈေးငြိမ်နေပြီး မန်ကျည်းသီးဈေးကတော့ မြင့်တက်လာပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀‌၉,၀၂၈ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၁၈,၄၄၆ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၅၅၂ ကျပ်ကနေ ၅,၅၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၄၇,၅၃၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၄,၆၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၆၀၀ ကျပ်ကနေ ၅,၇၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၆၉၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၁,၄၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၄,၆၇၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) ၃,၈၃၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁‌,၆၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၃၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၂,၅၅၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၂၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၇၀၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၅၀ ကျပ်ကနေ ၅,၉၅၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ပုစွန်ခြောက် (ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၈,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။


နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၅၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၁၉ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၃၂၃ ကျပ် ဖြစ်ပါတယ်။


စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၈၀ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၃၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၅ ကျပ်၊ မန္တလေးမှာ ၂,၇၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၇၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၂၀ ကျပ်၊ မန္တလေးမှာ ၂,၅၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၇၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၈၅၀ ကျပ်၊ မန္တလေးမှာ ၂,၉၃၀ ကျပ်၊ နေပြည်တော်မှာ၂,၉၀၅ ကျပ် ရှိနေပါတယ်။


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၄,၄၇၉,၈၉၉/-) လေးဆယ် လေးသိန်း ခုနှစ်သောင်း ကိုးထောင် ရှစ်ရာ ကိုးဆယ် ကိုး ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၅,၃၅၀,၀၀၀ိ/-) ငါးဆယ် သုံးသိန်း ငါးသောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။

#PAN