မဲဇလီကျေးရွာတွင် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF နှစ်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၂၇

မကွေး​တိုင်ဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် မဲဇလီအုပ်စု၊ မဲဇလီ ကျေးရွာတွင် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF နှစ်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က သေဆုံးသူ၏ ဇနီးဒေါ်အေးစုလှိုင်သည် နေအိမ်နောက်ဖေး၌ ဟင်းချက်နေစဉ် နေအိမ်ရှေ့သို့ဆိုင်ကယ် ၁ စီးဖြင့်အကြမ်းဖက် PDF ၂ ဦးသည် သရက်အုပ်ကျေးရွာလမ်းပေါက်ဘက်မှတဆင့် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဇင်ကိုကိုဦး(ခ)ဇင်ကို၊ အသက် ၄၂ နှစ်၊ (ဘ)ဦးကိုလေးအား လက်နက်ငယ်ဖြင့် ပစ်ခတ် သွားခဲ့ပြီး သရက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဇင်ကိုကိုဦး(ခ)ဇင်ကိုတွင် ဝဲဘက်နားအောက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဖောက်ထွက်ဒဏ်(၁)ချက်တို့ရရှိကာသေဆုံးသွားကြောင်း၊ အလောင်းအား မင်းတုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ