မုတ်သုံအားကောင်းနေတာကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့မှာ မိုးပိုလာနိုင်


(မိုးလေဝသ) ဇွန် ၂၇


လက်ရှိ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာလည်း မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ပါတယ်။


အဆိုပါထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်း နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

#PAN