ဖားကန့်မြို့နယ်‌၊ ဆန်းကြွယ်ကျေးရွာ၊ ဥရုချောင်းအတွင်း ရေဆင်းချိုးရာ လူငယ်အမျိုးသား ၂ ဦးရေထဲရေမျှောပါ


(ပြည်တွင်း) ဇွန် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်‌၊ ဆန်းကြွယ်ကျေးရွာ၊ ဥရုချောင်း၊ ဆန်းကြွယ်ကူးတို့ဆိပ်တွင် အသက်၂၀ ‌နှစ်အောက်အရွယ်ရှိ လူငယ် ၂ ဦးရေနစ်သေဆုံးကြောင်း သိရသည်။

ဇွန် ၂၅ ရက်နေ့ ညနေပိုင်အချိန်တွင် ဥရုချောင်းအတွင်းသို့ မောင်မြင့်မိုးအောင်၊ အသက် ၁၈ နှစ်နှင့် မောင်စွမ်းသက်ပိုင်(ခ)တာတီး၊ အသက် ၁၄ နှစ်တို့ ၂ ဦးသည် ရေချိုးရာမှ ရေနှစ်ပျောက်ဆုံးသွားသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်မြို့နယ်)ရုံးမှ ကူညီရှာဖွေပေးခဲ့သော်လည်း ယမန်နေ့ ညနေပိုင်း အချိန်ထိရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း မိသားစု၀င်များထံမှ သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ