နေတိုးအဖွဲဝင်နိုင်ငံများက နယ်သာလန်မှ မာ့ခ်ရုတေအား အတွင်းရေးမှူးချုပ်သစ် အဖြစ်ရွေးချယ်”

(နိုင်ငံတကာ) ဇွန် ၂၇


နေတိုးအဖွဲဝင်နိုင်ငံများသည် အဖွဲ၏အတွင်းရေးမှူးချုပ်သစ်အဖြစ် နယ်သာလန်နိုင်ငံမှ နိုင်ငံရေးသမား တစ်ဦးဖြစ်သူ မာ့ခ်ရုတေ အား ဇွန်လ ၂၆ ရက်တွင် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နေတိုးအဖွဲ၏ အတွင်းရေးမှူးချုပ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရိုမေးနီးယားသမ္မတ ကလောက်စ် အီဟိုဟန်းနစ် က ပြိုင်ပွဲမှ နုတ်ထွက်သွားပြီးနောက် အဆိုပါရာထူးအတွက် နေတိုးအဖွဲဝင်နိုင်ငံများက မာ့ခ်ရုတေ အား ရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။

၎င်းတိုအနေဖြင့် လက်ရှိနေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ်၏နေရာတွင် အောက်တိုဘာ လ ၁ ရက်မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။


မာ့ခ်ရုတေ အား နေတိုးအတွင်းရေးမှူးချုပ်သစ်အဖြစ် အဖွဲဝင် ၃၂ နိုင်ငံမှ ကိုယ်စားလှယ်များက ဘရပ်ဆဲ မြိုတွင် ကျင်းပသည့် တွေ့ဆုံပွဲတစ်ခုတွင် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

၎င်းသည် နေတိုးအဖွဲမှ အဓိကအဖွဲဝင် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို၏ထောက်ခံမှုကို ရရှိထားသူ ဖြစ်သည်။

ဂျန်စတို တန်ဘာ့ခ်သည် နေတိုးအတွင်းရေးမှူးချုပ်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN