“ဒီရော့စီနှင့် တရားဝင်စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ရိုးမား”

(အားကစား) ဇွန် ၂၇

စီးရီးအေကလပ် ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းကိုကိုင်တွယ်ခဲ့တဲ့ နည်းပြ ဒီရော့စီ ကို တရားဝင် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

နည်းပြ ဒီရော့စီ ဟာ ရိုးမားအသင်းနဲ့ နည်းပြ မော်ရင်ဟို တို့ လမ်းခွဲခဲ့တဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ပုံစံကောင်းရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းနဲ့ နည်းပြဒီရော့စီတို့ရဲ့ စာချုပ်သက်တမ်းက ကာလတိုစာချုပ်ဖြစ်လို့ ပြီးခဲ့တဲ့ရာသီကုန်အထိပဲ သက်တမ်းရှိခဲ့ပါတယ်။

အသင်းကို ရလဒ်များကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့လို့ လက်ရှိမှာ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ နည်းပြ ဒီရော့စီ ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

နည်းပြ ဒီရော့စီ ဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေခဲ့တဲ့ ရိုးမားအသင်းကို ရာသီကုန်မှာ အဆင့်(၆) နေရာနဲ့အတူ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

#PAN