ဒိုက်ဦးမြို့နယ်တွင် အကြမ်းဖက်လှုပ်ရှားနေသော PDF အဖွဲ့အား လုံခြုံရေးအဖွဲ့ကရှင်းလင်းနိုင်ခဲ့


(ပြည်တွင်း) ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကုန်သည်ရပ်ကွက်၊ ဘူတာလမ်း(မြို့ဝင်လမ်း)၌ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဦးအောင်နိုင်၊ အသက် ၅၄ နှစ်၊ အုပ်ချုပ်ရေးမှူး၊ အမှတ်(၂)၊ ကုန်သည်ရပ်ကွက်၊ ဒိုက်ဦးမြို့ နေသူအား လုပ်ကြံသတ်ဖြတ်ခဲ့သော အကြမ်း ဖက် PDF(စိစစ်ဆဲ)နှစ်ဦးသည် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနှင်လာပြီး ပစ်သတ်လုပ်ကြံခဲ့ပြီး သဖြင့် အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးခဲ့ရပြီး သာမာန်စျေးရောင်း ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့များမှ စုံစမ်းစစ်ဆေးခဲ့ရာတွင် ယင်းနေ့ မွန်းလွဲပိုင်းတွင် ဒိုက်ဦးမြို့၊ သံတံတားရပ်ကွက်၊ သခင်ဖိုးလှကြီးလမ်း၊ အမှတ်(၁၁၆)နေ ဦးသန်းဝင်း၊ အသက် ၅၁ နှစ်၊ (ဘ)ဦးလှမောင်၏နေအိမ်တွင် မသင်္ကာဖွယ်ရာ လူစိမ်း ၂ ဦးရောက်ရှိနေကြောင်း သတင်းအရ စုံစမ်းအတည်ပြု၍ နေအိမ်အားပူးပေါင်းအဖွဲ့မှ ဝိုင်းရံ ပိတ်ဆို့ ဝင်ရောက် စီးနင်းနိုင်ရေး ဆောင်ရွက်နေစဉ် နေအိမ် အတွင်းမှ လူသံများကြားရပြီး တံခါးပိတ်ထား၍ တံခါးဖွင့်ပေးရန် ပြောဆိုနေစဥ် နေအိမ်အတွင်းမှ သေနတ်ဖြင့်ပြန်လည်ခုခံ ပစ်ခတ်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များမှ ရှင်းလင်းနိုင်ရေး နေရာယူစဉ် နေအိမ်ခေါင်မိုးပေါ်မှ နှစ်ဦးစလုံး ခုန်ချထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေနတ်ထိမှန်၍ သေဆုံးခဲ့သည်။

သေနတ်ကျည်ထိမှန်ပြီး သေဆုံးသူနှစ်ဦး(စိစစ်ဆဲ)အား ရှာဖွေခဲ့ရာ ၎င်းလွယ်ထားသည့် အနက်ရောင် သားရည်အိတ်ငယ် အတွင်းမှ ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ် ၂ ခု၊ USA 380 AUTO ပစ္စတိုကျည် အမျိုးအစား ၂၉ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနှင့် အနက်ရောင်အိတ်ငယ်အတွင်းမှ MA-5 MK-II အမျိုးအစား၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၆ တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

ဖြစ်စဥ်နှင့်ပက်သက်၍ PDF အကြမ်းဖက်သမားများကို အားပေး လက်ခံထားသော အခင်းဖြစ်ပွားရာနေရာမှ အိမ်ရှင် ဦးသန်းဝင်း၊ အသက် ၅၁ နှစ်၊ (ဘ)ဦးလှမောင်နှင့် ၎င်း၏ဇနီးဖြစ်သူ မဖြူဖြူစိုး၊ အသက် ၄၁ နှစ်၊ (ဘ)ဦးကြည်စိုးတို့ ၂ ဦးအား ၎င်းတို့၏စျေးဆိုင် ဒိုက်ဦးမြို့၊ ညောင်ခါးရှည်လမ်း၊ ပလစ်ကျေးရွာ(၁၈)မိုင်၊ စားသောက်ဆိုင်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျှက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ