တောင်ငူမြို့မှ ကွန်ပြူတာတက္ကသိုလ်ကျောင်းသားတစ်ဦး စစ်တောင်းမြစ်အတွင်းခုန်ချခဲ့


(ပြည်တွင်း) ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦးသည် တောင်ငူမြို့မှ သံတောင်ကြီးဘက်သို့ ဆက်သွယ်ထားသော စစ်တောင်းမြစ်ကူးတံတားပေါ်မှ စစ်တောင်းမြစ်အတွင်းသို့ ခုန်ချမှူဖြစ်ပွားခဲ့သည်။

ခုန်ချခဲ့သော လူငယ်မှာ တောင်ငူမြို့နယ် တောင်ငူကွန်ပြူတာ တက္ကသိုလ်တွင် ဒုတိယနှစ်တက်ရောက်နေသော ကေတုမတီမြို့သစ်တွင်နေထိုင်သူ မောင်ရှိုင်းထက်အောင်၊ အသက် ၂၄ နှစ်ခန့်ဖြစ်ကြောင်းသိရပြီး မခုန်ချခင်မိနစ်ပိုင်ခန့်က ၎င်း၏လူမူကွန်ယက် Facebook စာမျက်နှာတွင် “လေလွင့်ချင် ရာလွင့်ပြီးတဲ့နောက်၊ ဒီတစ်ခါတော့ မျောပါတော့မယ် အားလုံးပဲ တာ့တာပါခင်ဗျာ ကိုယ့်လမ်းကိုယ် ရွေးချယ်ခြင်းသာ ဟူသော ပို့စ်တစ်ခုအား နောက်ဆုံးရေး တင်ခဲ့ပြီး “အားလုံးပဲ တာ့တာပါခင်ဗျာ၊ စစ်တောင်းမြစ်” ဟု စာသားကိုလည်း My Dayတွင်တင်ခဲ့ပါသည်။

မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမူညီရေးအဖွဲ့များမှ ယနေ့ နေ့လယ်ပိုင်းအထိရှာဖွေနေရာ ခုန်ချသွားသော လူငယ်အား မတွေ့ရှိသေးကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ