တရုတ်ပြုလုပ်မည့် အခမ်းအနားတစ်ခုတက်ရောက်ရန် သမ္မတ(ငြိမ်း) ဦးသိန်းစိန်တရုတ်သို့ထွက်ခွာ


(ပြည်တွင်း) ဇွန် ၂၇

တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ရန် ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် ယနေ့ ဇွန်လ ၂၇ နေ့တွင် တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း သိရသည်။

ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက်သည် မြန်မာနိုင်ငံတွင် ဘန်ဒေါင်းမူငါးရပ်ဟု လူသိများသည်။

ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူစဉ်ကာလတွင် ပေါ်ပေါက်ခဲ့သော သဘောတူညီမှုဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ညီလာခံတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြသည်။

နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန် စသည့်အခြေခံမူငါးချက်ကို သဘောတူခဲ့ကြသည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အတူ အဆိုပါအခမ်းအနားသို့ တက်ရောက်ကြမည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်ဟုဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ