စွဲမက်ဖွယ်ရာ ပြည်မြန်မာ Short Video ပြိုင်ပွဲပြုလုပ်မည်


“စွဲမက်ဖွယ်ရာပြည်မြန်မာ” ခေါင်းစဉ်နဲ့ Short Video ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်တာကြောင့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇွန်လ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။


စွဲမက်ဖွယ်ရာပြည်မြန်မာ ခေါင်းစဉ်အောက်မှာ ခရီးသွားစွဲဆောင်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ ပွဲတော် တွေနဲ့ မြန်မာ့ရိုးရာအစားအစာတွေအကြောင်း အသားပေးတင်ဆက်ရမှာဖြစ်ပြီး အင်္ဂလိပ်/မြန်မာ နှစ်ဘာသာမှာ နှစ်သက်ရာ ဘာသာအသုံးပြုကာ ၃ မိနစ်ထက်မပိုတဲ့ Video Clip နဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို သိရပါတယ်။


ပထမဆုကို ကျပ် ၁၅ သိန်း၊ ဒုတိယဆုကိုကျပ် ၁၂ သိန်း၊ တတိယဆုကို ကျပ် ၁၀ သိန်းနဲ့ နှစ်သိမ့်ဆု ၅ ဆု ထည့်သွင်းချီးမြှင့်သွားမယ်လို သိရပါတယ်။ ပြိုင်ပွဲဝင်တွေ ပေးပိုယှဉ်ပြိုင်လာတဲ့ Short Video တွေထဲက ဆုရဗီဒီယို ဖန်တီးသူတွေကို စက်တင်ဘာလ ၂၇ ရက် နေပြည်တော်ရှိ MICC-2 မှာကျင်းပမယ့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားပွဲမှာ ဆုတွေပေးအပ်ချီးမြှင့်သွားမယ်လို သိရပါတယ်။


ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဩဂုတ်လ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီနောက်ဆုံးထား ပေးပိုယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစည်းမျဉ်းတွေ၊ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖိုနဲ့ ပြိုင်ပွဲဝင်ပုံစံတွေ ရယူဖို အတွက် ထုတ်ပြန်ချက်မှာပါရှိတဲ့ QR Code ကို Scan ဖတ်တာ ဒါမှမဟုတ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး viber ဖုန်းနံပါတ် ၀၉-၈၈၀ ၈၉ ၆၉ ၅၇ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို သိရပါတယ်။

#PAN