အမေရိကန်၏ လျို့ဝှက်ချက်များ ဖော်ထုတ်ခဲ့သည့် Wikileaks ထူထောင်သူ ဗြိတိန်အကျဉ်းထောင်မှ လွတ်မြောက်


(နိုင်ငံတကာ) ဇွန် ၂၆

အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက် ၁၀ သန်းကျော်ကို ဖော်ထုတ်ခဲ့သည် wikileaks ထူထောင်သူ ဂျူလီယန်အဆန်ဂီသည် ဇွန်လ ၂၄ ရက်နေ့တွင် ဗြိတိန်အကျဉ်းထောင်မှ လွတ်မြောက်သွားကြောင်းသိရသည်။

ဂျူလီယန်အဆန်ဂီသည် အမေရိကန်အစိုးရ၏ စွဲချက် ၁၈ ချက်အထိ ရင်ဆိုင်ခဲ့ရသောကြောင့် အီကွေဒေါနိုင်ငံရှိ ဗြိတိန်သံရုံးတွင် ၇ နှစ်ကြာ ပုန်းအောင်းခိုလှုံခဲ့ရသူဖြစ်သည်။

အသက် ၅၈ နှစ်အရွယ် ဂျူလီယန်အဆန်ဂီသည် အမေရိကန်အစိုးရက အလိုရှိနေသော်လည်း ဗြိတိန်အကျဉ်းထောင်အတွင်း ၅ နှစ်ကြာနေထိုင်ခဲရပြီး ယခုအခါ ဩစတြေးလျနိုင်ငံသို့ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

ဗြိတိန်အစိုးရသည် အမေရိကန်က လွှဲပြောင်းပေးရန် ဖိအားပေးခဲ့သော်လည်း အဆန်ဂီအား လွှဲပြောင်းမပေးခဲ့ပဲ ၎င်း၏ ဒနသဟာရပိုင်နက်အနီးတွင် သူလျှိုလုပ်မှုအား ဝန်ခံထွက်ဆိုစေခဲ့ပြီး လွှတ်ပေးခဲ့ကြောင်းသိရသည်။

အမေရိကန်စစ်တပ်၏ လျို့ဝှက်ချက်များ လူ့အခွင့်အရေးချိုးဖောက်မှုများဖော်ထုတ်ခဲ့ခြင်းကြောင့် ဂျူလီယန်အဆန်ဂီအား အမေရိကန်အစိုးရမှ အလိုရှိနေခြင်းဖြစ်သည်။

Wikileaks ပဲ့ကိုင်ရှင်သည် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ