မန္တလေးမြိုရှိ ကားကြီးကွင်းငါးကွင်း၌ ယာဉ်ကြောရှုပ်ထွေးမှုမဖြစ်စေရေး ပူးပေါင်းအဖွဲ့များဖြင့် လုပ်ဆောင်လျက်ရှိ


ပြည်တွင်း(ဇွန် ၂၆)

မန္တလေးမြိုရှိ ကားကြီးကွင်းငါးကွင်းမှာ ယာဉ်ကြောရှုပ်ထွေးမှုမဖြစ်စေရန်အတွက် ပူးပေါင်းအဖွဲများဖြင့် လုပ်ဆောင်လျက်နေတယ်လို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရပါတယ်။
မန္တလေးမြိုရှိ ကားကြီးကွင်းငါးကွင်းမှ မိတ္ထီလာ၊ ရန်ကုန်၊ ကသာ၊ ထီးချိုင့်၊ မြစ်ကြီးနား မြိုများသို လိုက်ပါစီးနင်းကြမယ့် ခရီးသည်များအဆင်ပြေစေရန် ယာဉ်လိုင်းများမှ လိုက်ပါပိုဆောင်ပေးလျက်ရှိပြီး ၎င်းကားကြီး ကွင်းများအတွင်း ခရီးသည်များနှင့် ယာဉ်များရှုပ်ထွေးကာ ယာဉ်ကြောပိတ်ဆိုမှုမရှိစေရန်အတွက် ပူးပေါင်းအဖွဲများ ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယပတ်မှစတင်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိနေပါ တယ်။
မန္တလေးမြိုရှိ ယာဉ်နားကွင်းများဖြစ်တဲ့ ချမ်းမြေ့ရွှေပြည်ကားကြီးကွင်း၊ မဟာအောင်မြေကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင်ကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်းနှင့် သီရိမန္တလာကားကြီးကွင်းအတွင်းမှ လိုက်ပါစီးနင်းမည့် ခရီးသည်များအပါအဝင် ခရီးသည်တင်ယာဉ်များနှင့် သုံးဘီးယာဉ်များ ကားကွင်းအတွင်း ယာဉ်ကြောပိတ်ဆိုမှုမရှိ စေရန်အတွက် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနနှင့် ကားကြီးကွင်းများ၏ စည်းကမ်းထိန်း သိမ်းရေးအဖွဲတိုနှင့် တာဝန်ရှိပူးပေါင်းအဖွဲများဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

#PAN