စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာအနီး အကြမ်းဖက် PDF အဖွဲ့နှင့် နယ်မြေလုံခြုံးရေးစစ်ကြောင်းထိတွေ့မှုမှ အကြမ်းဖက်အလောင်းများနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများရရှိ


(ပြည်တွင်း) ဇွန် ၂၆

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာအနီး နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် မိုင်းထောင်နေသော အကြမ်းဖက် PDF များနှင့် ထိတွေ့ ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက်အလောင်းနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၃ လောင်း၊ ၄၀ မမ လက်လုပ်သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ မိုင်းမျိုးစုံ ၇ လုံး တို့ကို သိမ်းဆည်းရမိ ကြောင်း သိရပသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ