ဂျပန်ရှိ ကုမ္ပဏီများမှာ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၇၀၀ ခန့်ကိုခေါ်ယူထား


(ပြည်တွင်း) ဇွန် ၂၆

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများမှာ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၇၀၀ ခန့်ကိုခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ပေးပို့ထားကြောင်း တိုကျိုမြို့၊ မြန်မာသံရုံးက ဇွန်လ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်မှ မြန်မာအလုပ်သမားအယောက် ၇၀၀ ခန့်ကို အလုပ်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုပေးပို့ထားကြောင်း သိရပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုရဲ့ အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

ယင်းသို့ စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီများက ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများနှင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာလည်း ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်မှ မြန်မာအလုပ်သမား ၁,၅၀၀ ကျော်ကို ခေါ်ယူသွားရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ