ကျောင်းဆရာမတစ်ဦး ခရီးသည်ကားပေါ်မှ လွင့်စင်ပြုတ်ကျ သေဆုံးမှုပဲခူးတွင်ဖြစ်ပွား


(ပြည်တွင်း) ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ အဝင်လမ်းတွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက အရှိန်ပြင်းစွာ မောင်းနှင်လာသောကားမှ ရုတ်တရက် ချိုးကွေ့ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ကျောင်းဆရာမတစ်ဦး လွင့်စင်ပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ အဝင်လမ်းတွင် ယမန်နေ့ညပိုင်းက ဘုရားကြီးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ကြံတိုင်းအောင်(ဘုရားကြီး-အင်းတကော်)ပြေးဆွဲနေသော လူစီးယာဥ်လိုင်းမှ ယာဉ်အမှတ် BGO-11 9F/….. MAZADA SCRUM အမျိုးအစား၊ အဖြူရောင်ယာဉ်အား ယာဉ်မောင်းရဲရင့်ဖြိုး မောင်းနှင် လာပြီး ယာဉ်ရှေ့ခန်းတွင် အောင်မျိုးဝေ၊ ယာဉ်နောက်ခန်းတွင် ဇော်မင်းနိုင်၊ ဒေါ်နွေးနွေးလင်း (၃၀)နှစ်၊ လ/ထ(မူပြ)အလက(ခွဲ)ကင်းချောင်း၊ ပေပင်ချောင် ကျေးရွာ၊ ပဲခူးမြို့နယ်နေသူတို့ လိုက်ပါစီးနင်းလာခဲ့ကြပြီး မောင်းနှင်လာစဥ် မော်တော်ယာဉ်သည် အရှိန်ပြင်းပြင်းမောင်းနှင်၍ လမ်း၏တစ်ဖက်ခြမ်းသို့ ရုတ်တရက် ချိုးကွေ့ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူများအနက်မှ ဒေါ်နွေးနွေးလင်း လ/ထ(မူပြ)အလက(ခွဲ) ကင်းချောင်းသည် ယာဉ်ပေါ်မှ လွင့်စင်ပြုတ်ကျခဲ့ပြီးအခင်းဖြစ်ရပ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ