ကင်ညာပါလီမန်အား ဝင်ရောက်ဆမ္ဒပြရန်ကြိုးပန်းသူများကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွင်း


(နိုင်ငံတကာ) ဇွန် ၂၆

ကင်ညာနိုင်ငံတွင် သမ္မတ William Ruto က အဆိုပြုထားသည့် အခွန်ကောက်ခံမှု အစီအစဥ်သစ်နှင့် ပတ်သက်၍ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည် ၁၀ စုနှစ်အတွင်း အစိုးရအား တိုက်ရိုက်တိုက်ခိုက်မှုဖြစ်ပြီး ကင်ညာရဲတပ်ဖွဲ့အနေဖြင့် ဆူပူအုံကြွမှုအား နှိမ်နင်းသွားနည်ဟုဆိုသည်။
ပစ်ခတ်နှိမ်နင်းမှုဖြစ်စဉ်တွင် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရေးပေါ်လုံခြုံရေးအခြေအနေဖြစ်ပြီး ရဲတပ်ဖွဲ့အား အကူအညီပေးရန် ကင်ညာစစ်တပ်အား တပ်ဖြန့်ထားကြောင်း ကာကွယ်ရေးဝန်ကြီးကဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ