အီရန်နှင့် ဘာရိန်းတို့က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်မှုအတွက် ဆွေးနွေးရန် သဘောတူ


(နိုင်ငံတကာ) ဇွန် ၂၅

အီရန်နှင့် ဘာရိန်းနိုင်ငံတို့က ရှစ်နှစ်ကြာ ရပ်ဆိုင်းထားသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စတင်မှုအတွက် ဆွေးနွေးရန်သဘောတူလိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးများက ဇွန်လ ၂၃ ရက်တွင် အီရန်နိုင်ငံ၌ တွေ့ဆုံပြီး နှစ်နိုင်ငံကြား သမိုင်းဝင်နှင့်ညီရင်းအစ်ကိုဆက်ဆံရေး၊ ဘာသာရေးနှင့်အိမ်နီးချင်းရင်းနှီးမှု၊ နှစ်နိုင်ငံအကျိုးစီးပွားအရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ဆက်ဆံရေးမည်ကဲ့သို ပြန်လည်စတင်နိုင်မည်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း နှစ်ဖက်စလုံးက သဘောတူသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်တွင် ဆော်ဒီအာရေဗျက အီရန်နိုင်ငံနှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဆုံးဖြတ်လိုက်မှုအပေါ် ဘာရိန်းနိုင်ငံကလည်း လိုက်ပါ၍ အီရန်နှင့်သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လတွင် ဆော်ဒီအာရေဗျနှင့် အီရန်တိုက သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်၊ သံရုံးအသီးသီးကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူပြီး ဧပြီလတွင်မူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ပြန်လည် ထူထောင်ကြောင်း ကြေညာခဲ့သည်ဟုသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ