အစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်မှုက ဂျိုးဘိုင်ဒင် ၏ ရွေးကောက်ပွဲအိပ်မက်ကို ပျက်စီးစေနိုင် ဟုဆို


(နိုင်ငံတကာ) ဇွန် ၂၅

အစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်မှုသည် နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ များ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ အိပ်မက်ကို ပျက်စီး စေနိုင်ကြောင်း သုတေသီများက ထုတ်ပြန်ထားသည်။

အစ္စရေးနှင့် လက်ဘနွန်ရှိ ဟစ်ဇဘိုလာတပ်ဖွဲ့တို့ကြား မြင့်တက်လာသည့် တင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်နေသော အကြောင်းရင်းနှစ်ခုရှိကြောင်း နိုင်ငံတကာအရေး လေ့လာသူများကပြောသည်။

ပထမတစ်ခုမှာ အစ္စရေးနှင့် ဟစ်ဇဘိုလာတို့စစ်ဖြစ်လျှင် အစ္စရေးဘက်က ရေရှည်ခုခံနိုင်စွမ်းရှိမည် မဟုတ်ကြောင်းနှင့် ဒုတိယတစ်ခုမှာ ထိုနှစ်ဖွဲကြားဖြစ်သည့် စစ်အတွင်းသို့ အမေရိကန်က ဝင်ပါရနိုင်ခြေ ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

အမေရိကန်တို့စိုးရိမ်နေသည့် ဒုတိယအကြောင်းရင်းကြောင့် ဂျိုးဘိုင်ဒင် ၏ ရွေးကောက်ပွဲအိပ်မက် ပျက်စီးစေနိုင်ခြင်းဖြစ်ကြောင်း ရွိင်ယယ်ဟော်လိုးဝေးတက္ကသိုလ်မှ နိုင်ငံတကာလုံခြုံရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာ မီရှဲဘန့်တလေ ကပြောသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတိုကြား ဖြစ်ပွားသည့် ပဋိပက္ခမှာပင် ဒီမိုကရက်များအပေါ် ထောက်ခံမှုကျဆင်း လာကြောင်းနှင့် ထိုကိစ္စကို ကောင်းစွာမကိုင်တွယ်နိုင်သော ဘိုင်ဒင် အနေဖြင့် ဝေဖန်မှုများကို ရင်ဆိုင် နေရကြောင်း ဒေါက်တာ မီရှဲဘန့်တလေ က ပြောထားသည်။

RCP စစ်တမ်းကောက်ယူရေးအဖွဲ့က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သော စစ်တမ်းတစ်ခုအရ အစ္စရေး-ပါလက်စတိုင်းအရေးနှင့်စပ်လျဉ်း၍ ဂျိုးဘိုင်ဒင်၏ ကိုင်တွယ်မှုကို မထောက်ခံသူအမေရိကန်နိုင်ငံသား ၆၁ ရာခိုင်နှုန်းရှိကြောင်း၊ ထောက်ခံသူမှာ ၃၁ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ