အကြမ်းဖက်အဖွဲ့၏ ရမ်းကားပစ်ခတ်မှုကြောင့် အိပ်နေသော ပြည်သူမိသားစု သေဆုံး ထိခိုက်ခဲ့ရ


(ပြည်တွင်း) ဇွန် ၂၅

အကြမ်းဖက်သမားများ၏ ရမ်းကားပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်၍ လူနေရပ်ကွပ်ရှိ သာမာန်အရပ်သားပြည်သူများ သေဆုံး/ထိခိုက်ခဲ့ရကြောင်းသိရသည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၏တောင်ဘက်ရှိ မြို့လုံခြုံရေး ရွှေဘုန်းတိုးလုံခြုံရေးစခန်းအား အကြမ်းသောင်းကျန်းသူ KNU/PDF အဖွဲ့များမှ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် စျေးပိုင်းရပ်ကွက်အတွင်းသို့ သောင်းကျန်းသူအဖွဲ့မှပစ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ကျည်စထိမှန်ခဲ့သောကြောင့် ရပ်ကွပ်နေအပြစ်မဲ့ပြည်သူ ဦးဝင်းဦး၊ touf ၆၄ နှစ် ၊ စျေးပိုင်း (၃)လမ်း ၊ စျေးပိုင်းရပ်ကွက် နေထိုင်သူသည် နေအိမ်တွင်မိသားစုများနှင့်အတူ အိပ်နေစဥ် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာရ(သေဆုံး)၊ ဇနီးဖြစ်သူဒေါ်လှလှသန်း(ခ)ပူစူးမ၊ အသက် ၅၇ နှစ်၊ စျေးပိုင်း (၃)လမ်း၊ စျေးပိုင်းရပ်ကွက် နေထိုင်သူသည် ဝဲဖက်လက်မောင်းဖောက်ဝင် ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ