ဖောင်နဲ့ကူးတဲ့ ပရဟိတကား တစ်စီး လီဗာနဲ့ ဘရိတ်မှားနင်းမိပြီး ချောင်းထဲထိုးကျ


(ပြည်တွင်း) ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါနဲ့ လားရှိုးကြားရှိ စဉ့်အင်ချောင်းအား ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က ဖောင်ဖြင့် ဖြတ်ကူးစဉ် ပရဟိတကား တစ်စီး ချောင်းထဲသို့ ထပ်မံထိုးကျ မျောပါသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ပရဟိတလူနာတင်ကား တစ်စီးမှာ စဉ့်အင်ဖောင်ဆိပ်အရောက်တွင် ကားဆရာက လီဗာနဲ့ဘရိတ်မှားနင်းမိပြီး ချောင်းထဲထိုးကျသွားခြင်းဖြစ်ကြောင်း၊ လူနာတင်ကားပေါ် ပါသွားသည့် လူနာအဖွားအိုအား စက်လှေဖြင့်ရော ရေကူးပြီးပါ လိုက်လံကယ်ဆယ်ခဲ့ရကြောင်း၊ လက်ရှိမှာတော့ ပြန်လည်ဆယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကားမှာ သီပေါမြို့အခြေစိုက် ကောင်းမှုရှင်လူမှုရေးပရဟိတကားဖြစ်ပြီး လူနာအဖွားအိုအား လားရှိုးမြို့သို့သယ်ဆောင်စဉ် စဉ့်အင်ဖောင်ဆိပ်ရောက် ချောင်းထဲ ကျသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့ကလည်း ယင်းစဉ့်အင်ဖောင်ဆိပ်တွင် လူနာတင်ကားနဲ့ခရီးသည်ကား ၂ စင်း ရေထဲပြုတ်ကျသွားခဲ့သေးကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ