မြန်မာ-အီရန် နှစ်နိုင်ငံ အေစီဒီအဖွဲ့တွင်းနှင့် ဒေသတွင်း နိုင်ငံတကာစာမျက်နှာတွင် ပိုမိုနီးကပ်စွာဆောင်ရွက်ရေး ဆွေးနွေး


(ပြည်တွင်း)ဇွန် ၂၅

(၁၉)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ(အေစီဒီ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် အီရန်နိုင်ငံ၊ တီဟီရန်မြို့သို့ ရောက်ရှိနေသော ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အေစီဒီလက်ရှိဥက္ကဋ္ဌနှင့် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာ ဂယ်ရီကာနီ နှင့် ဇွန်လ ၂၂ ရက် ဒေသစံတော်ချိန် ၁၀ နာရီတွင် နှစ်နိုင်ငံ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး က နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖွံဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတိုသည် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ