မြစ်သားမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးနှင့် ရာအိမ်မှုး တို့အား အကြမ်းဖက် PDF ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာအုပ်စု၊ ဒါးရဲကောင်းကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူ ကျောင်းဆရာမတစ်ဦးနှင့် ညီဝမ်းကွဲဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက်သမား PDF ၃ ဦးမှာ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒါးရဲကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ အသက် ၄၅ နှစ်၊ (ဘ)ဦးကျော်လင်း၏ နေအိမ်သို့ အကြမ်းဖက်သမား PDF ၃ ဦးသည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး ဦးကျော်ခိုင်ထွန်း၏ ညီမဖြစ်သူ ဒေါ်ခိုင်ဇာလင်း၊ အသက် ၃၃ နှစ်၊ (ဘ)ဦးကျော်လင်း၊ မူလတန်းပြ အခြေခံပညာမူလတန်းကျောင်း(ကျွဲဆွဲ)၊ မြစ်သားမြို့နယ်နှင့် ညီဝမ်းကွဲဖြစ်သူ ဦးဇော်ဇော်ဝင်း၊ အသက် ၄၀ နှစ်၊ (ဘ)ဦးစိန်ဝင်း၊ ရာအိမ်မှူး၊ ဒါးရဲကောင်းကျေးရွာ၊ မြစ်သားမြို့နယ်နေသူတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေါ်ခိုင်ဇာလင်းတွင် ယာဘက်နံရိုးကြား ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် ဦးဇော်ဇော်ဝင်းတွင် ဝဲဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲဘက်တင်ပါး ကျည်ဖောက်ဝင်/စအိုမှကျည်ဖောက်ထွက်ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲ့ကြောင်းနှင့်ဒ ဏ်ရာရရှိသူများအား မြစ်သားမြို့၊ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ