မိုးသက်လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရာဇာမုနိစေတီတော်မြတ်ကြီး၏ ထီးတော်တစ်ဘက်သို့တိမ်းညွန့်


(ကျန်းမာရေး)ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ရွှေဘုံသာရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသောဥာဏ်တော်(၄၅)တောင်ရှိရာဇာမုနိစေတီတော်မြတ်ကြီး၏ ရွှေထီးတော်သည် ယမန်နေ့ မွန်းလွဲ ၄ နာရီခွဲအချိန်ခန့်တွင် မိုးသက်လေပြင်းများကျရောက်တိုက်ခတ်မှုကြောင့် တစ်ဘက်သို့အနည်းငယ် တိမ်းညွန့် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေထီးတော်ကြီးအား ယနေ့နံနက် ၇ နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့် ဂေါပကအဖွဲ့များမှ သွားရောက်ကြည်ညိုပူဇော်ပြီး ရွှေထီးတော်ကြီးအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရာဇာမုနိသေတီတော်မြတ်ကြီးအား၂၀၀၁ ခုနှစ်တွင်ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားပြုလုပ်ကာ စတင်ပူဇော်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဒုတိယမြောက် ရွှေထီးတော်ကိုလဲလှယ်ပူဇော်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် လေပြင်းတိုက်ခတ်မှုကြောင့် ငှက်မြတ်နားတော်မြေခခဲ့သဖြင့် ပြုပြင်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းနှင့်အတူ ပြန်လည်ဆက်ကပ်တင်လှူပူဇော်ထားကြောင်းသိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ