ဒေါက်ကလပ်လူးဝစ်ကို ခေါ်ယူဖိုသဘောတူညီမှုရရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း


(အားကစား) ဇွန် ၂၅

ဂျူဗင်တပ်စ်အသင်းက ‌ဗီလာအသင်း ကွင်းလယ်ကစားသမား ဒေါက်ကလပ်လူးဝစ် ကို ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းအပြင် လူငယ်ကစားသမားနှစ်ဦးနဲ့ အလိုက်ပေးကာ ခေါ်ယူဖို့အတွက်ကမ်းလှမ်းခဲ့ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက လူးဝစ် ကို အသင်းရဲ့ ကွင်းလယ်ကစားသမား မက်ကင် နဲ့ အလိုက်ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ဗီလာအသင်းဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက လူငယ်ကစားသမား အိုင်းလင်းဂျူနီယာနှင့် ဘာရန်နီချီအာ တို့နှစ်ဦးနဲ့ ထပ်မံ ကမ်းလှမ်းခဲ့ရာ ဗီလာအသင်းက လက်ခံခဲ့တာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ