ထီးလင်းမြို့တရားရုံးအချုပ်တွင် ဖမ်းဆီးထားသော အကြမ်းဖက်အဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်မြောက် ဟုဆို


(ပြည်တွင်း) ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ မြို့နယ်တရားရုံး အချုပ်တွင်ဖမ်းဆီးထားသော အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးမှာ ဇွန်လ ၂၄ ရက်နေ့မနက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းအရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

ထီးလင်းမြို့တရားရုံးအချုပ်တွင် ဖမ်းဆီးထားသော အကြမ်းဖက်အဖွဲ့မှ ထန်းပင်ကုန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံ PDF ဥက္ကဋ္ဌ မြင့်ခိုင် အပါအဝင် ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရင်းမြစ်မှ သိရသည်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက် PDF အဖွဲ့ များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှလိုက်လံဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ