တရုတ်၏ လကမ္ဘာလေ့လာရေး Chang’e-6 အာကသယာဉ် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ

(နိုင်ငံတကာ)ဇွန် ၂၅

တရုတ်၏ သမိုင်းဝင် လကမ္ဘာလေ့လာရေးမစ်ရှင် လုပ်ဆောင်ရန် သွားရောက်ခဲ့သည့် Chang’e-6 အာကသယာဉ်သည် ဇွန်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
Chang’e-6 အာကသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီယားဒေသသို့ သတ်မှတ်ထားသည့်နေရာသို့ အောင်မြင်စွာဆင်းသတ်ခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာနမှ ဖော်ပြခဲ့သည်။
တရုတ်အမျိုးသားအာကာသစီမံကွပ်ကဲမှုအဖွဲ့ (CNSA) အကြီးအကဲ Zhang Kejian မှ Chang’e-6 ၏ လကမ္ဘာလေ့လာမျုခရီးစဉ်သည် ပြည့်စုံအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Chang’e-6 စူးစမ်းလေ့လာရေးယာဉ်သည် လကမ္ဘာပေါ်မှ ဖုန်မှုန့်များနှင့် ကျောက်တုံးများ 2 ကီလိုဂရမ်အထိ ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံမှ သုတေသီများက ခွဲခြမ်းစိတ်ဖြာကာ လေ့လာမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
Chang’e-6 သည် တရုတ်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အရှုပ်ထွေးဆုံး မစ်ရှင်ဖြစ်ပြီး မေလ ၃ ရက်နေ့တွင်စတင်ကာ နိုင်ငံအတွင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။