ဇူလိုင်လမှစတင်ကာ လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားပါက ဒဏ်ကြေးတိုးကောက်မည်


(ပြည်တွင်း) ဇွန် ၂၅

လူမှုဖူလုံရေးကတ်ပျောက်ဆုံး(သို့မဟုတ်)ပျက်စီးလျှောက်ထားပါက ဇူလိုင်လမှစတင်ပြီး ဒဏ်ကြေး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲက ဇွန်လ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ ထားပါတယ်။

လက်ရှိမှာ လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးပြန်လျှောက်ပါက ဒဏ်ကြေး ငါးထောင်ကျပ် သာပေးသွင်း ရခြင်းဖြစ်ပါတယ်။

ယခုအခါ ဇူလိုင်လ ၁ ရက်မှစတင်ပြီး ပထမအကြိမ် ဒဏ်ကြေး သုံးသောင်းကျပ်၊ ဒုတိယအကြိမ် ဒဏ်ကြေးငါးသောင်းကျပ်နှင့် တတိယအကြိမ်နှင့်အထက် လျှောက်ထားပါက တစ်သိန်းကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရပါတယ်။

ကတ်ပျောက်လျှောက်ထားတဲ့ကာလအတွင်းဆေးကုသမှုခံယူနိုင်ရန် ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့် ထောက်ခံစာကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ လူမှုဖူလုံရေးကျန်းမာရေး အာမခံအကျိုးခံစားခွင့်အတွက် လစာရဲ့နှစ်ရာခိုင်နှုန်း၊ အလုပ်ရှင်မှ နှစ်ရာခိုင်နှုန်း၊ လုပ်ငန်းခွင်ထိခိုက်မှုအကျိုးခံစားခွင့်အတွက် အလုပ်ရှင်မှ အလုပ်သမားလစာရဲ့ တစ်ရာခိုင်နှုန်းကို လစဉ်ပေးဆောင်ရခြင်းဖြစ်ပါတယ်။

လက်ရှိပြည်တွင်းမှာ လူမှုဖူလုံရေးဝင်ထားတဲ့ အလုပ်သမားဦးရေ ၁ ဒသမ ၂ သန်း နီးပါးရှိကြောင်း စာရင်းများအရ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ