စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားအား အကြမ်းဖက် သောင်းကျန်းသူများက မိုင်းခွဲဖျက်စီး


(ပြည်တွင်း) ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာမြောက်ဖက် FOR LUCK ကုမ္ပဏီအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၇/၀ နှင့် ၅၇/၁ ကြားရှိ အလျား ၆၀ ပေ၊ အနံ ၂၄ ပေရှိ ကွန်ကရစ်တံတားအား ယနေ့ နံနက် ၆ နာရီ ၄၇ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် ကရစ်တံတား၏ အလယ်၌ အနည်းငယ်ပေါက်ကာ ပျက်စီးသွားခဲ့ကြောင်း၊လက်ရှိမော်တော်ယာဉ် (အသေး)များအနေဖြင့် တံတားအလယ်ပေါက်သွားသည့်အပေါက်အားခွ၍ မောင်းနှင်ကာ သွားလာနေလျက်ရှိပြီး မော်တော်ယာဉ် (အကြီး)များအနေဖြင့် မောင်းနှင်သွားလာနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ