ကယ်ယာနိုဂလူ ကို ခေါ်ယူဖိုကြိုးပမ်းမယ့် ဘိုင်ယန်မြူးနစ်အသင်း


(အားကစား) ဇွန် ၂၅

ဘိုင်ယန်မြူးနစ်အသင်းက အင်တာမီလန်အသင်းမှ ကယ်ယာနိုဂလူ ကို အစားထိုးခေါ်ယူရန် ထပ်မံကြိုးပမ်း ခဲ့ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလအသေအပြောင်းအရွှေ့ကာလကတည်းက ပေါ်ဟင်ဟာ ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် ယခုအချိန်မှာတော့ အင်တာမီလန်အသင်းကစားသမား ကယ်ဟာနိုဂလူ ကို ပြောင်းလဲခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ကယ်ဟာနိုဂလူ ကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း၊ အပိုဆုကြေး ၅ သန်း နဲ့ ကမ်းလှမ်းထားပေမယ့် အင်တာမီလန်အသင်းက ကယ်ဟာနိုဂလူ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ အထိအလိုရှိနေပါတယ်။

အသက် ၃၀ နှစ်အရွယ် ကယ်ဟာနိုဂလူ က ပြီးခဲ့တဲ့ ရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၀ ကစားခဲ့ပြီ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု သုံးကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ