Breaking News

ရုရှားလက်အောက်ခံ ဒါဂျီစတန်သမ္မတနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် လူ ၂၀ နီးပါးသေဆုံး


(နိုင်ငံတကာ) ဇွန် ၂၄

ရုရှားလက်အောက်ခံ နိုင်ငံတစ်ခုဖြစ်သည့် ဒါဂျီစတန်သမ္မတနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၂၀ နီးပါးသေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုတွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားဘာသာရေးကျောင်းနှင့် အခြားဘာသာရေးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ တိုက်ခိုက်သည်ကိုမသိရသေးသော်လည်း ဒါဂျီစတန်နိုင်ငံသည် ယခင်က အစ္စလာမ္မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် နိုင်ငံလည်းဖြစ်သည်။

အကြမ်းဖက်သမားများသည် ဒါဂျီစတန်နိုင်ငံ ဒါဘန့်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ရဟူဒီဘုရားကျောင်းတစ်ခုကိုလည်း တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အဆိုပါဖြစ်စဉ်တွင် ရဲအရာရှိ ၁၅ ဦးသေဆုံးခဲ့ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနှင့် လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဒါဂျီစတန်တာဝန်ရှိသူများမှ အကြမ်းဖက်သမား ၆ ဦးကို အသေဖမ်းဆီးရမိထားပြီး ဆက်စပ်ပါဝင်သူများကို စုံစမ်းထောက်လှမ်းနေကြောင်း ထုတ်ပြန်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ