အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတစ်ဦးတို့အား အကြမ်းဖက် PDF နှစ်ဦးမှ သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအပိုင်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်အချိန်ခန့်က အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတစ်ဦးတို့အား အကြမ်းဖက် PDF နှစ်ဦးမှ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဖျောက်ဆိပ်ကုန်းကျေးရွာ ရပ်ကျေးစာရေးမနေအိမ်တွင် ညာဂမိုးအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၊ အသက် ၅၄ နှစ်နှင့် ရပ်ကျေးစာရေး ဒေါ်ဌေးဌေးမြင့်၊ အသက် ၅၆ နှစ်တို့ ၂ ဦးရှိနေစဉ် နေအိမ်အတွင်းသို့ ဆိုင်ကယ် တစ်စီးဖြင့် အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ရာကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဦးညွန့်ဝင်းတွင် နောက်စေ့ဖေါက်ဝင်ပြီး ဝဲပါးဖေါက်ထွက်ဒဏ်ရာ ၁ ချက်၊ ဒေါ်ဌေးဌေးမြင့်တွင် ယာနားထင်ဖေါက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာပါး ဖေါက်ဝင်ဏ်ရာတို့ဖြင့် သေဆုံး သွားခဲ့ရကြောင်း၊ ၎င်း ပစ်ခတ်သူ နှစ်ဦးမှာ ဆတ်သွားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံပိတ်ဆို့ ရှာဖွေရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ