လော့စ်အိန်ဂျလိစ်တွင် ပါလက်စတိုင်းထောက်ခံသူများ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား


(နိုင်ငံတကာ) ဇွန် ၂၄

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ပါလက်စတိုင်းထောက်ခံသူများ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျူးလူမျိုးအများစုနေထိုင်ရာ Pico Robertson ရပ်ကွက်ရှိ ဘုရားကျောင်းတစ်ခုရှေ့တွင် ပြင်းထန်စွာဆန္ဒပြခဲ့သည့်အတွက် ရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား ဂျူးဘုရားကျောင်းနှင့်ဝေးရာသို့ တွန်းထုတ်ခဲ့ပြီး လူစုခွဲရန် အမိန့်ပေးခဲ့ရကြောင်းသိရသည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရင်န်ဘက်စ်မှ အဆိုပါဖြစ်စဉ်အား ရွံရှာဖွယ်အကြမ်းဖက်မှုစု မှတ်ချက်ပေးခဲ့ပြီး ဘုရားကျောင်းများနှင့် ဝတ်ပြုဆုတောင်းသည့် ဂျူးလူမျိုးများ၏ နေအိမ်များအား လုံခြုံရေး ချထားရန်တောင်းဆိုထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ