မြောင်းမြမြို့နယ်တွင် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(မှုခင်း) ဇွန် ၂၄

ဧရာဂတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ ရွှေကြယ်စင် တည်းခိုခန်းရှိအခန်းအမှတ် 109 တွင်တည်းခိုနေထိုင်သူနှင့် မရမ်းကုန်း ရပ်ကွက် နေသူထံတို့မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး တရားခံနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့သည် မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက် ရှိ ရွှေကြယ်စင် တည်းခိုခန်းရှိအခန်းအမှတ် 109 တွင်တည်းခိုနေထိုင်သူ ဖုန်းမြတ်ကျော်၊ ၃၀နှစ်၊(ဘ)ဦးစိုးနိုင် သုံးဘီးဆိုင်ကယ်မောင်း၊ အမှတ်(၄)ရပ်ကွက်၊ ကြာကန်ကျေးရွာအုပ်စု၊ လပွတ္တာမြို့နယ်နေသူ၏အခန်းအတွင်းသို့ရှာဖွေရာ ၎င်းအခန်းအတွင်းရှိစားပွဲခုံပေါ်တွင် မီးရှို့ထားသော ခဲပြားနှင့် မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆေးပြားအပိုင်းအစ(၁)ခု၊ ပြုပြင်ထားသော Linc ဘော့ပင်(၁)ချောင်း၊ ဂတ်စ်မီးခြစ်ပန်းရောင်(၁)လုံး၊ အစိမ်းရောင်(၁)လုံး၊ အပြာရောင်(၁)လုံး၊ ပြုပြင်ထားသော အပြာရောင်ဂတ်စ်မီးခြစ်(၁)လုံး၊ Valiantတံဆိပ် စီးကရက်ဘူးခွံ(၁)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာ တွင် အသုံးပြုသည့် ရွှေရောင်စက္ကူ ၁ ရွက်နှင့် ၎င်းအိပ်သည့် ကုတင်ပေါ်မှ D-Two တံဆိပ်ပါ ပိုက် ဆံအတွင်း မှ ပန်းရောင်အအေးစုပ်ပိုက်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈ ပြားနှင့် အစိမ်းရောင် ၁ ပြား၊ စုစုပေါင်း ၉ ပြား၊ အလေး ချိန်(၀.၉)ဂရမ်ခန့်၊ ဒေသပေါက်ဈေး(၁)ပြားလျှင် (၂၅၀၀)ကျပ်နှင့်ဖြင့်စုစုပေါင်း (၂၂၅၀ဝိ/)ကျပ်တို့အားတွေ့ရှိရသဖြင့်ဖုန်းမြတ်ကျော်ထံမှ သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်းသိရသည်၊

ဖမ်းမိတရားခံ ဖုန်းမြတ်ကျော်၏ ထွက်ဆိုချက်အရ ၎င်းထံမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နေ ဇော်မင်းဦး(ခ)ကရင် ထံမှဝယ်ယူခဲ့ကြောင်းသိရသဖြင့်ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ်တွင် အချိန်ခန့် တွင် မူးယစ်တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ် နေသည့် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခွင့် ဝရမ်းဖြင့် ဇော်မင်းဦး(ခ)ကရင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဇော်မင်းဦး(ခ)ကရင် အားတွေ့ရှိပြီး နေအိမ်အတွင်းအား ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အနောက်ခန်းတွင် လေးထောင့်အထပ်သားပုံးအတွင်းမှ အကြည်ရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)ပြား (အလေးချိန်-၁.၅ဂရမ်ခန့်၊ဒေသပေါက်ဈေး-တစ်ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့်၊ စုစုပေါင်း ၃၇၅၀၀ကျပ်)၊ ပြုပြင်ထားသော အနီရောင်မီးခြစ်(၁)လုံး၊ဖယောင်းတိုင်အတို(၃)ခု၊ HORSES တံဆိပ်ပါခရမ်းရောင်ခဲတံချွန်ဓါး(၁)ချောင်း၊ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် အပြာရောင် အအေးစုပ်ပိုက်အရှည်(၄)ချောင်း၊အတို(၄)ချောင်း၊ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် အပြာရောင်ကပ်ခွာအိတ်(၁)လုံးနှင့် မူးယစ်ဆေးဝါးရောင်းချရာတွင် လုပ်ပိုးသည့် အနက်ရောင်မီးတိပ်အရှည်(၁၂)လက်မခန့်(၁)ခုတို့အား တွေ့ရှိသဖြင့် ဇော်မင်းဦး(ခ)ကရင်ထံမှ သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား သုံးစွဲခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ရန်အတွက် လက်ဝယ်ထားရှိသူ ဇော်မင်းဦး(ခ)ကရင်နှင့် ဖုန်းမြတ်ကျော်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ဂ)အရအမှုရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#ZN #SZ