မကွေးတိုင်းဒေသကြီး၊ ဆင်မြူးအောင်ကျေးရွာနေ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိခင်တစ်ဦးအား သတင်းပေးဒလန်ဟု ဆိုကာ အကြမ်းဖက် PDF များမှ လုပ်ကြံသတ်ဖြတ်


(ပြည်တွင်း) ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအုပ်စု၊ ဆင်မြူးအောင်ကျေးရွာနေ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိခင်ဖြစ်သူကို သတင်းပေးဒလန်ဟုဆိုကာ အကြမ်းဖက် PDF များမှ လုပ်ကြံသတ်ဖြတ် သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းဘေးတွင် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာအုပ်စု၊ ဆင်မြူးအောင်ကျေးရွာနေ ဒေါ်အုံးမြင့်၊ အသက် ၆၂ နှစ်ရှိသူဖြစ်ကြောင်း သိရသည်။

ထို့နောက် နယ်မြေခံလုံခြုံရေးအဖွဲ့က ဆက်လက်စစ်ဆေးရာ ဆင်ပေါင်ဝဲမြို့နယ်နေသူ အကြမ်းဖက် PDF ခေါင်းဆောင် ကျော်လွင်ဦး၊ အသက် ၃၆ နှစ် ဦးဆောင်သော PDF လေးဦးမှ သတင်းပေးဒလန်ဟုဆိုကာ သေနတ်ဖြင့် ၇ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှု့ကြောင့် ဒေါ်အုံးမြင့်မှာ ဝဲမျက်နှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏရာ ၁ ချက်၊ ယာရင်ဘတ် ကျည် ဖောက်ဝင်ဒဏရာ ၁ ချက်၊ ဝဲလက်ဖျံရိုးကျိုးဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံရိုးကျိုးဒဏ်ရာ ၁ ချက်၊ ယာခြေထောက်ကျိုးဒဏ်ရာတစ်ချက် ရရှိကာအခင်ဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ၉ မမ ကျည်ခွံ ၂ ခု ( ၇.၆၂) ကျည်ခွံ ၅ ခုတွေ့ရှိရကြောင်း သိရပြီး သေဆုံးဒေါ်အုံးမြင့်၏ အလောင်းကို ချောင်းကောက်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ ကျော်လွင်ဦးအပါအဝင် အကြမ်းဖက် PDF ၄ ဦးကို အကြမ်းဖက်မှု့တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)/၅၀(ခ)/၅၄ ဖြင့် အမှု့ဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

LZ #SZ