ဒိုက်ဦးမြို့မရဲစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ရပ်/ကျေးအုပ်ချုပ်တစ်ဦးအား PDF များလုပ်ကြံသတ်ဖြတ်ခဲ့


(ပြည်တွင်း) ဇွန် ၂၄

၂၀၂၄ ဇွန် လ ၂၄ ရက်နေ့ နံနက် ၁၁ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မရဲစခန်းနှင့် (၃)ဖာလုံခန့်အကွာ၌ အကြမ်းဖက် PDF အဖွဲ့များမှ အုပ်ချုပ်ရေးမှူးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒိုက်ဦးမြို့၊ အမှတ်(၂)ကုန်သည်ရပ်ကွက်၊ ဘူတာလမ်း၌ ကုန်သည်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ အသက် ၅၄ နှစ်၊ အမှတ်(၂)ကုန်သည်ရပ်ကွက်နေသူသည် အဆိုပါလမ်းတွင် ဆိုင်ကယ်စီးနင်းကာ ကွမ်းယာထွက်ဝယ်စဉ် အကြမ်းဖက် PDF(စိစစ်ဆဲ) နှစ်ဦးသည် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနင်လာပြီး ဦးအောင်နိုင်အား သေနတ်ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအောင်နိုင်တွင် လည်ပင်းရှေ့ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်တို့ အသီးသီးဒဏ်ရာများ ရရှိကာအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဥ်နှင့်ပက်သက်ပြီး နယ်မြေလုံခြုံရေးတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆောင်ရွှက်လျှက်ပြီး ဇွန်လ ၂၁ ရက်နေ့ကလဲ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာအုပ်စု၊ ဒိုက်ဦးနှင်းဝိ သံတံတားကျေးရွာသွား မြေသားလမ်းရှိကွန်ကရစ် တံတားအနီးတွင်လဲ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူစစ်အဖွဲ့ စီးနင်းလာသော ကားအား အကြမ်းဖက်အဖွဲ့များမှ ဗုံးခွဲလုပ်ကြံခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ