တောင်ကိုရီးယားတွင်း ဘတ္ထရီစက်ရုံမီးလောင် ၁၆ ဦးသေဆုံး


(နိုင်ငံတကာ)ဇွန် ၂၄
တောင်ကိုရီးယားနိုင်ငံရှိ လီသီယမ်ဘတ္ထရီစက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၆ ဦးသေဆုံးကာ ၅ ဦးပျောက်ဆုံးနေကြောင်းသိရသည်။
ဆိုးလ်မြို့၏တောင်ဘက် ၂၈ မိုင်အကွာ Hwaseong ဒေသရှိ အဆိုပါစက်ရုံမှာ ယနေ့ တနင်္လာနေ့နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Aricell အမည်ရှိ အဆိပါစက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်လုပ်ကိုင်နေသည့် စက်ရုံဖြစ်ပြီး လူဒါဇင်နှင့်ချီ စာရင်းအတည်ပြုရန် ခက်ခဲနေကြောင်း အာဏာပိုင်များကဆိုသည်။
ဓေသမီးသတ်တာဝန်ရှိသူတစ်ဦးမှ ဂိုဒေါင်တစ်ခုမှ ဘတ္ထရီဆဲလ်အများအပြား ပေါက်ကွဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ဝန်ထမ်းများအားရှာဖွေကယ်ဆယ်ရေးအပေါ် အာရုံစိုက်ရန် အာဏာပိုင်များအားညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

#PAN