ဆံပင်ဖြူနေတာတွေကို သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေ


(ပြည်တွင်း)ဇွန် ၂၄

Green tea သောက်ပေးခြင်းက ဆံပင်သန်စေပြီး ဆံပင်ဖြူတာတွေလည်း သက်သာစေပါတယ်။ ဆံပင်တွေမြန်မြန်မဖြူအောင်လည်း ကြိုတင်ကာကွယ် ပေးပါတယ်။

Green tea ကိုမသောက်ချင်ရင် ကိုယ်သုံးမယ့် shampoo သို့မဟုတ် hair oil ထဲကို green tea အမှုန့် ထည့်သုံးပေးလို့လည်း ရပါတယ်။

ဆေးလိပ်ဖြတ်ပေးပါ။ ဆေးလိပ်သောက်ခြင်းက ဆံပင်ဖြူထွက်တာကို ပိုမြန်စေပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ဆေးလိပ်ဖြတ်တာကအကောင်းဆုံးပဲ ဖြစ်ပါတယ်။

Antioxidants ဓာတ်တွေများစွာပါဝင်သည့် အစားအစာတွေဖြစ်တဲ့ လတ်ဆတ်သော အသီးအနှံတွေနဲ့ ငါးတို့ကို များများစားပေးပါ။

Almonds မှာက vitamin E နဲ့ vitamin A ပါဝင်တာကြောင့် ဆံသားအာဟာရဖြစ်စေပါတယ်။ Almond oil ကို နည်းနည်းယူလိမ်းပြီး massage လုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူတာတွေကို သက်သာစေပြီး ဆံပင်လည်း သန်စေပါတယ်။

ဆီးဖြူသီးကို အရည်ဖျော်သောက်ပေးတာပဲဖြစ်ဖြစ်၊ Amla Oil ကို ဆံသားမှာလိမ်းပေးတာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆံပင်သန်စေပြီး ဆံသားနက်မှောင်စေပါတယ်။

ဆံပင်ဖြူတာတွေကိုလည်း သက်သာစေပြီး ဆံပင်အမြန်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။ Dark chocolate စားပေးခြင်းကလည်း ဆံပင်ဖြူနေတာတွေကို ပိုဆိုးမလာအောင်၊ ဆံပင်မြန်မြန် မဖြူအောင် ကူညီပေးပါတယ်။

Curry leaves ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ရလာတဲ့အမှုန့်ကို အုန်းဆီနဲ့ရောမွှေပြီး ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပေးခြင်းက ဆံပင်ဖြူတာကိုသက်သာစေပြီး ဆံပင်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Vitamins B12, B7 (biotin), B9 (folic acid), D3 ဓာတ်တွေ အားနည်းတဲ့သူတွေဆီမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးကို တွေ့ရပါတယ်။

အဲ့ဒါကြောင့် Nutritional supplements တွေ သောက်ပေးခြင်းဖြင့် ဆံပင်မဖြူအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆံပင်ဖြူတာတွေ ပိုဆိုးမလာ အောင်လည်း ကာကွယ်ပေးပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ