ခြေမသန်သည့် ကြက်သွန်ကုန်သည်အား အကြမ်းဖက်များမှ သေနတ်နှင့်ထောက် ဓားဖြင့်ထိုးပြီး ငွေသားအပြင် KPay ငွေများပါယူဆောင်သွား


(အကြမ်းဖက်) ဇွန် ၂၄

ခြေတစ်ဖက်မသန်သည့် ပခုက္ကူမြို့မှ မြဝတီမြို့သို့ ကုန်ကူးလာသည့် ကြက်သွန်ကုန်သည်တစ်ဦးကို KNU/PDF အကြမ်းဖက်သောင်းတွေက သေနတ်ထောက်ပြီး ကားပေါ်ပါလာသည့် ​ငွေများနှင့် KPay အတွင်းမှငွေများအား လုယက်ယူဆောင်သွားကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကြက်သွန်ကုန်သည်ဖြစ်သည့် ကိုဖြိုး(ခြေတဖက်မသန်) သူသည် Inside အမျိုးအစားကားဖြင့်လာစဥ် ဇွန်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းက မြဝတီမြို့နယ် နဒီကျေးရွာအနီးတွင် KIA /PDF အကြမ်းဖက်သောင်း ကျန်းသူများမှ ကားကိုတား၍ ကားပေါ်ပါ ငွေများအား လုယူယုံတင်မက ၎င်း၏ KPay အကောင့်ရှိငွေများအား လွှဲယူသွားကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူများမှ ကိုဖြိုးအားသေနတ်ဖြင့်ထောက်၍ ၎င်း၏မိဘထံဖုန်းဆက်ခိုင်းပြီး ကိုဖြိုး၏ဖုန်းရှိ KPay အကောင့်သို့ငွေများလွှဲခိုင်းပြီး ၎င်းတို့ဖုန်းထဲသို့လွှဲယူခြင်း-စသည့်အဓမ္မ ဒမြတိုက်အနုကြမ်းစီးကြပြီးနောက် ကိုဖြိုးအားလက်ထိပ်နောက်ပြန်ခတ်၍ လည်ပင်းသို့ဓားဖြင့်သုံးချက်ထိုးသွင်းကာ Inside ကားအတွင်းသို့ပစ်ထည့်ပြီး ကားကိုမီးရှို့ခဲ့ကြကြောင်း သတင်းအရင်း အမြစ်များထံမှသိရသည်။

ကြက်သွန်ကုန်သည် ကိုဖြိုးမှာ လည်းပင်းဒဏ်ရာ များ ပြင်းထန်စွာရရှိထားသော်လည်း အားအင်သုံးကာကားတံခါးအား ရအောင်ဖွင့်၍လှိမ့်ချခဲ့သဖြင့် အသက်ဘေးမှလွတ်ခဲ့သော်လည်း ၎င်း၏ကားမှာ အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့မှုကြောင့် ကားမှာမီးလောင်ပျက်စီးသွားကြောင်း

လက်ရှိတွင် ၎င်းကြက်သွန်ကုန်သည် ကိုဖြိုးဆိုသူသည် ရွှေကုက္ကိုဆေးရုံတွင် စိုးရိမ်ရဒဏ်ရာဖြင့် ဆေးရုံတက်ရောက်ဆေးကုသနေကြောင်းသိရပြီး KNU/PDF အကြမ်းဖက်အဖွဲ့များ၏ အဓမ္မခြိမ်းခြောက်လုယူမှု ကြောင့် ၎င်း၏ ငွေအရေအတွက်ဘယ်လောက်ပါသွားကြောင်း အတိအကျမသိရသေးသော်လည်း သိန်းထောင်ဂဏာန်းရှိနိုင်သည်ဟု ပြောဆိုမှုများရှိနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ