“အောင်ပန်းဒေသထွက် ကြက်သွန်ဖြူများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်”

(စီးပွားရေး) ဇွန် ၂၃

အောင်ပန်းဒေသမှ ထွက်ရှိတဲ့ ကြက်သွန်ဖြူများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လျက် ရှိကြောင်း မန္တလေးမြို့ရှိ ပွဲရုံများမှ သိရပါတယ်။

မန္တလေးဈေးကွက်အတွင်းသို့ ဇွန်လ ဒုတိယပတ်မှစ၍ အောင်ပန်းဒေသမှထွက်ရှိတဲ့ ကြက်သွန်ဖြူများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်ခဲ့ပြီး လက်ရှိတွင် ကြက်သွန်ဖြူများကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများကပါ မှာယူမှုများရှိနေတာဖြစ်ပါတယ်။

အောင်ပန်းဒေသထွက် ကြက်သွန်ဖြူများကို ပြည်တွင်းကုန်သည်များအပြင် ပြည်ပကပါ အဝယ်လိုက်နေပြီး လက်ရှိဈေးကွက်ပေါက်ဈေးအရ တစ်ပိဿာကို ငွေကျပ် ၁၂,၀၀၀ ခန့်ရှိနေပါတယ်။

လတ်တလောမှာ အောင်ပန်း ဒေသမှ တင်ပို့နေတဲ့ ကြက်သွန်ဖြူများကို ရန်ကုန်နဲ့ အခြားမြို့များသို့ ပြန်လည်တင်ပို့နေကြောင်းလည်း သိရပါတယ်။

#PAN