“အခွင့်အရေးကို အသုံးမချနိုင်၍ ပြင်သစ်နည်းပြ ဒက်ချမ့်စ် စိတ်ပျက်နေ”


(အားကစား) ဇွန် ၂၃


ဇွန်လ ၂၁ ရက်က ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်မှာ ဂိုးရမယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ဒက်ချမ့်စ် က ပြောခဲ့ပါတယ်။


ပြင်သစ်အသင်းဟာ နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဂိုးမရှိသရေကျခဲ့တာပါ။


အခုပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေကို အသင်းသားတွေက အသုံးမချနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ နည်းပြ ဒက်ချမ့်စ် က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။


လာမယ့်ပွဲစဉ်တွေမှာ အခုလိုမျိုး အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ဘူးဆိုရင် ရှုံးပွဲနဲ့ကြုံရနိုင်တယ်လို့လည်း နည်းပြ ဒက်ချမ့်စ် က အသင်းသားတွေကို သတိပေးသွားခဲ့ ပါသေးတယ်။


ပြင်သစ်အသင်းဟာ အခုယူရိုပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၂)ပွဲ ကစားပြီးချိန်မှာ သွင်းဂိုတစ်ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးရဖို့အတွက် အခက်တွေ့နေခဲ့ပါတယ်။

PAN