“သက်သေပြရန် အချိန်ရောက်ပြီဖြစ်ကြောင်း ပူလီဆစ် ပြော”

(အားကစား) ဇွန် ၂၃

အမေရိကန်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုးတက်မှုတွေရှိလာတယ်ဆိုတာကို လက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ သက်သေပြဖို့ အချိန်ရောက်ပြီလို့ အသင်းခေါင်းဆောင် ပူလီဆစ် က ပြောသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အုပ်စုအဖွင့်ပွဲအဖြစ် ဘိုလီးဗီးယားအသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။

အမေရိကန်နည်းပြ ဘာဟယ်တာ ရွေးချယ်ခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲအတွက် ၂၆ ဦးစာရင်းမှာ ဝါရင့်ကစားသမား အများစုပါဝင်ပြီး အာဂျင်တီနားနဲ့ ဘရာဇီးအသင်းတို့ပြီးနောက် အနိုင်ရဖို့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

အခုချိန်က အမေရိကန်အသင်းရဲ့ စွမ်းဆောင်ရည်ကို သက်သေပြရမယ့်အချိန် ရောက်ပြီဖြစ်သလို ပြီးခဲ့တဲ့ ကာလတွေမှာ လေ့လာသင်ယူခဲ့သမျှအားလုံးကို ပြန်လည်အသုံးပြုရတော့မှာဖြစ်တယ်လို့ အသင်းလေ့ကျင့်ရေး အပြီးမှာ ပူလီဆစ် က ပြောသွားခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ကိုပါအမေရိက အုပ်စု(C)မှာ ဥရုဂွေး၊ ပနားမား၊ ဘိုလီးဗီးယားအသင်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။

#PAN