ရှမ်းနီအင်းတော်ကြီးဒေသတွင် တိုက်ပွဲပြင်းထန်နေ

(ပြည်တွင်း) ဇွန် ၂၃

ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်သည့် ကချင်ပြည်နယ်အင်းတော်ကြီးဒေသရှိ ချောင်းဝကျေးရွာနှင့် ညောင်ပင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်ခန့် အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာနှင့် ညောင်ပင်ကျေးရွာရှိ တပ်မတော်နှင့်ပြည်သူ့စစ်လုံခြုံရေးစခန်းများကို အကြမ်းဖက်သောင်းကျန်းသူ KIA PDF များမှ အင်အားသုံးပသ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းဗုံးများအသုံးပြုကာ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီ လေကြောင်းဖြင့် ပစ်ကူပေးနေမှုများလည်းရှိနေကာ အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်အကျဆုံးရှိနေသည်ဟု ဒေသခံများ၏ပြောဆိုမှုအရသိရသည်။

အဆိုပါတိုက်ပွဲကြောင့် အင်းတော်ကြီး ချောင်းဝကျေးရွာ၊ မှန်ကင်းကျေးရွာ၊ လောဆွန့်ကျေးရွာ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

#PAN