“ယင်းမာပင်ခရိုင်တွင် နေကြာ ၃,၅၃၃ ဧက စိုက်ပျိုး

(စိုက်ပျိုးရေး) ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၃,၅၃၃ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ယင်းမာပင်ခရိုင်တွင် နေကြာဧက ၁၆,၂၅၀ စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ၃,၅၃၃ ဧက စိုက်ပျိုးပြီးစီးခဲ့တာဖြစ်ပါတယ်။ 

ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့ နေကြာကို တိုးချဲ့စိုက်ပျိုး နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စိုက်ပျိုးမှုအနေနဲ့ ယင်းမာပင် မြို့နယ်တွင် ၁,၂၂၈ ဧက၊ ကနီမြို့နယ်တွင် ၂,၀၈၅ ဧက၊ ဆားလင်းကြီးမြို့နယ်တွင် ဧက ၂၄၀၊ စုစုပေါင်း ၃,၅၅၃ ဧက စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။  

ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ယင်းမာပင်ခရိုင်တွင် နေကြာသီးနှံစိုက်ပျိုးရန် မြို့နယ်အလိုက်လျာထားမှုမျာ ယင်းမာပင်မြို့နယ်တွင် ၇,၉၄၁ ဧက၊ ဆားလင်းကြီးမြို့နယ်တွင် ဧက ၁,၁၅၀၊ ကနီမြို့နယ်တွင် ၃,၉၃၉ ဧက၊ ပုလဲမြို့နယ်တွင် ဧက ၃,၂၂၀၊ စုစုပေါင်း ဧက ၁၆,၂၅၀ လျာထားပြီး လျာထားဧကများပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

#PAN