“မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၃ ဒသမ ၅၂ ဘီလီယံ ထုတ်ချေးထား”

(စိုက်ပျိုးရေး) ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးသီးနှံစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၃ ဒသမ ၅၂ ဘီလီယံ ထုတ်ချေးပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေနဲ့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ ရက်မှစ၍ ထုတ်ချေးပေးခဲ့ပြီး စပါးနှင့် အခြားသီးနှံများစိုက်ပျိုးမှုအတွက် မြို့နယ် ၂၃ မြို့နယ်ရှိ တောင်သူများကို ထုတ်ချေးပေးခဲ့ရာ လက်ရှိတွင် မြို့နယ် ၁၇ မြို့နယရှိ ကျေးရွာအုပ်စု ၉၉ အုပ်စု၊ တောင်သူ ၅,၆၂၃ ဦး၊ စိုက်ဧက ၃၁,၃၉၁ ဧကအတွက် ချေးငွေများ ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ချေးငွေများကို နှစ်စဉ်နှစ်တိုင်းမှာ မိုး၊ ဆောင်းနဲ့ မိုးကြိုဆိုပြီး ထုတ်ချေးပေးနေတာဖြစ်ပါတယ်။

စိုက်ပျိုုးစရိတ်ချေးငွေများကို စပါးတစ်ဧကအတွက် ကျပ် ၁၅၀,၀၀၀ နှုန်းနဲ့ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း၊ ပြောင်း စတဲ့အခြားသီးနှံတွေအတွက် တစ်ဧကကို ငွေကျပ် ၁၀၀,၀၀၀ နှုန်း ချေးပေးနေတာဖြစ်ပါတယ်။

#PAN