“ဘရန့်ဝိတ်အတွက် သင့်တော်မယ့်ဈေးသတ်မှတ်ဖို့ တောင်းဆို”

(အားကစား) ဇွန် ၂၃

မန်ယူအသင်းက အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ် အတွက် သင့်တော်သည့်စျေးကိုသာ တောင်းဆိုရန် အဲဗာတန်အသင်းကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းက အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမား ဘရန့်ဝိတ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရထားပြီလို့ သတင်းတွေထွက်ပေါ်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းအပြင် အပိုဆုကြေး ပေါင် ၈ သန်းဖြင့် ကနဦး ကမ်းလှမ်းခဲ့ရာ အဲဗာတန်အသင်းက ပယ်ချခဲ့ကြောင်း သိရပါတယ်။

အဲဗာတန်အသင်းဟာ ဘရန့်ဝိတ် အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၇၀ အလိုရှိနေတာကြောင့် မန်ယူအသင်းက သင့်တော်သည့်စျေးနှုန်းဖြင့် ရောင်းချရန် တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။

#PAN