ကျည်တောက်ပေါက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဌအား အကြမ်းဖက် PDF ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း) ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကျည်တောက်ပေါက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဌအား အကြမ်းဖက် PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၇ နာရီအချိန်ခန့်က ကျည်တောက်ပေါက်ကျေးရွာနေ ဦးကျော်ဆွေ၊၄၃နှစ်၊(ဘ)ဦးဟန်ထွန်း၊ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သူ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးဥက္ကဌ)(YMBA အဖွဲ့ဝင်)သည် ကျည်တောက်ပေါက်ကျေးရွာ၊အမှတ်(၇)ရပ်ကွက်ရှိ ၎င်း၏ အသိမိတ်‌ဆွေဖြစ်သူ ဒေါ်မော်၏ နေအိမ်သို့ ရောက်ရှိနေစဉ် အကြမ်းဖက် PDF ၂ဦးမှ ဆိုင်ကယ် ၁စီးဖြင့် ရောက်ရှိလာပြီး ဦးကျော်ဆွေအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်PDFနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးကျော်ဆွေတွင် ရင်ဘတ်၊လည် ပင်းတို့၌ သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး စဥ့်ကူးမြို့၊ပြည်သူ့ဆေးရုံသို့ တင်ပို့စဥ် ဦးကျော်ဆွေမှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်

။#PAN#ZN